Wife’s Farewell Letter
My Beloved,
You left us peacefully after courageously enduring an unbearable torment of illness, full of pain and thirst for air, when living another day became meaningless. I wish I could have taken your suffering but I was helpless and powerless. Now you have released me of this emotional burden by fading away.
I have always believed that our paths crossing was not by chance. No matter how we started, there was gradual strengthening of our union day after day and year after year. Our devoted sentiment, faithful commitment, and silent companionship spoke louder than the bubbly words that resonated deeply with long lasting marriage for life. Through thick and thin, we withstood the test of time; a connection that didn’t require effort, yet can last for a thousand years. With this heartfelt message, I want you to know how much I miss you and love you. I share with you my bittersweet wishes and blessings: “My Darling, I hope yesterday was marvelous, today is joyous, and tomorrow is glorious”. Together in this life, let us cherish these memories forever.
Rest in peace, my love.
May you be blessed.
Shu Lyan Kong
Oct 3, 2024
“ဘဝအဖော်မွန်အတွက် မှာတမ်း”
အဖေကြီးရေ…
အိုနာသေဆိုတဲ့ မမြဲခြင်းတရားကို ငြိမ်းချမ်းစွာ ရင်ဆိုင်သွားပြီပေါ့။
အသက်ရှုလဲ မမောတော့ဘူး၊ ချွဲတွေလဲ မကြပ်တော့ဘူး၊ အဆစ်တွေလဲ မကိုက်တော့ဘူး၊ အသားတွေလဲ မနာတော့ဘူးပေါ့။ အဖေကြီးရဲ့ ဝေဒနာတွေကို ယူထုတ်ပေးလို့လဲမရ၊ ကိုယ်စား ဝင်ခံစားပေးလို့လဲ မရတဲ့ ကျွန်မရဲ့ ပူပင်သောက စိတ်ဒုက္ခတွေကို အခုတော့ အဖေကြီးက ကျွန်မအတွက် ချုပ်ငြိမ်းခြင်းနဲ့ ဖြေဖျောက်ပေးသွားတာလား…
အဖေကြီးရေ…
ဖြစ်မြဲဓမ္မတာဆိုတဲ့ တွေ့ဆုံကြုံကွဲလောကကြီးမှာ ဘဝလက်တွဲဖော်အဖြစ် အမှတ်တမဲ့ တွေ့ကြုံခဲ့ကြတာမျိုး မဟုတ်ပါဘူးနော်။ တွေ့ဆုံခဲ့ကြပြီး နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတွေဟာ နှစ်တွေ ကြာညောင်းတာနဲ့အမျှ တရိပ်ရိပ် တိုးပွါးလာခဲ့ကြတာ မဟုတ်ပါလား။ နှုတ်ကမပြော နှလုံးသားချင်း စကားပြောကြရင်း နှစ်ပေါင်း များစွာကြာအောင် အတူ သံယောဇဉ်တွေ နားလည်မှုနဲ့ ချစ်ခြင်းမေတ္တာတွေ မှတ်တမ်းတင် ကဗ္ဗည်းထိုးခဲ့ကြတာကို အစဉ်ထာဝရ အမှတ်ရနေပါမယ်။
အေးအတူ ပူအမျှ ဘဝခရီးလမ်းကို လျှောက်လှမ်းလို့ ဘဝကြမ်းတမ်းမှုတွေကို အတူဖြတ်သန်းလာခဲ့ရတဲ့ ဘဝအဖော်မွန်ရေ… တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာဆိုတဲ့ ကွေကွင်းရခြင်းတရားကို အေးအေးချမ်းချမ်း ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကျွန်မရဲ့ အမှတ်တရ ထာဝရအမှာစကားတွေနဲ့ နွေးထွေးတဲ့ ဆုတောင်းမေတ္တာပို့သမှုတွေကို ရင်မှာပိုက်လို့ မြင့်မြတ်ရာ ဘုံဘဝမှာ ငြိမ်းအေးချမ်းသာစွာ ရောက်ရှိ စံစားနိုင်ပါစေ…
အဖေကြီးအတွက် ရည်စူးလို့ ပြုပြုသမျှ ကုသိုလ်တွေကို အမျှ အမျှ အမျှ ပေးဝေပါတယ်၊ သာဓုခေါ်ဆိုနိုင်ပါစေသော်…
ချစ်ဇနီး
မြရင်
အောက်တိုဘာ ၃ရက်နေ့၊ ၂၀၂၄ ခုနှစ်